Wednesday, 24 October 2007

အဝေးပြေးလမ်းပေါ်ကနေ .. ရထားလမ်းပေါ် .. ထိုမှတဆင့် မိုးကောင်းကင်ထံသို့


“Hy-Rail” ဒါမှမဟုတ် “Hi-Rail” လို့ခေါ်ကြတဲ့ ဒီ ကားလမ်းပေါ်မှာရော၊ ရထားလမ်းပေါ်မှာပါသွားနိုင်တဲ့ ကားတွေဟာ ကားစုဆောင်းသူတွေနဲ့ ရထားအကြောင်းစိတ်ဝင်စားသူတွေကို တော်တော် စိတ်လှုပ်ရှားစေမှာပါ။ ကျနော်တို့ ငယ်ငယ်တုံးက ရထားတွေကို ရပ်ပြီးငေးကြည့်နေခဲ့သလိုပဲထင်တယ် .. အပြင်မှာသာ ဒီလို ကားမျိုးတွေ့လို့ကတော့ ရပ်ငေးနေမိမှာ သေခြာတာပေါ့။ ရထားလမ်းမကောင်းတော့ရင် ကားလုပ်ပြီးမောင်း၊ ပြီးရင် ရထားလမ်းပေါ်ပြန်တက်.. ဘယ်လောက် ကောင်းလဲ၊ ကျနော်တို့ဆီမှာတော့ အတော်အသုံးဝင်မယ်။ (ရထားလမ်းမကောင်းတော့ ဘာဖြစ်မယ်ဆိုတာတော့ မသိဘူး)။

ဒီ Road-Rail Vheicles လို့ဆိုတဲ့ (ကားရထားလို့ခေါ်မလား..?? ရထားကားလို့ခေါ်မလား ..??? ) အဲဒီ ကားမှာ ရထားသံဘီးကို ရှေ့နဲ့နောက်မှာ တပ်ထားလိုက်တာပါပဲ။ ကားဖြစ်ချင်ရင် ရထားဘီးကို အပေါ်မြှင့်တင်လိုက်ရုံပဲ။

ဒီကားတွေကို သူတို့ဆီက ရထားကုမ္ပဏီတွေမှာ အသုံးများတယ်တဲ့၊ လမ်းတွေစစ်တဲ့အခါတို့၊ အလုပ်သမားတွေပို့တာတို့အတွက်ပေါ့။ ဒီမှာတော့ မမ ကလူတွေ ဟို ကကျိကကျိ လို့မြည်နေတဲ့ လက်နဲ့ဆွဲတဲ့ဟာနဲ့ပဲသွားနေကြတာတွေ့တယ်။ (ရှေးရိုးမဖျောက်ဖျက်တာထင်ပါတယ်။ :P)

ခေတ်သစ် ရထားလမ်းသွား ထရပ်ကားများ


ပြောင်းရတာလွယ်ပါတယ်။ ဥပမာ ဒီ Mitchell Equipment ကထုတ်တဲ့ပစ္စည်းကိုကားမှာဆင်လိုက်ရုံပါပဲ။ ဒီပစ္စည်းတွေက အပေါ့စားကားတော်တော်များများအတွက် အဆင်ပြေပါတယ်။





ရှေးရှေးတုံးကပေါ့ကွယ်...
















Saturday, 15 September 2007

ဟိန္ဒူဆင်ဘုရားရုပ်တုကို မျက်ခွံနဲ့ မတဲ့လူ


အန္ဒိယနိုင်ငံ ဘန်ဂလောက အသက် ၂၉ နှစ်ရှိ ယောဂ သင်တန်းဆရာတစ်ယောက်က ၁၄.၃ ပေါင်လေးတဲ့ ဟိန္ဒူဆင်ဘုရားရုပ်တုကို သူ့မျက်ခွံတွေနဲ့ ပုံကအတိုင်းမပြခဲ့ပါတယ်တဲ့.. အီး.. ကြောက်စရာဗျာ..တော်တော်ကြံကြံဖန်ဖန်လုပ်တဲ့ ကုလားတွေပဲ..

ဒီမှာ သေခြာဖတ်ပါ

သင့်အတွက် ကော်ဖီတွေဖျော်လာပေးမယ့် Mobile Espresso Machine


Mobile Espresso Machine Brings the Coffee to You!

သင့်အတွက် ကော်ဖီတွေဖျော်လာပေးမယ့် Mobile Espresso Machine

ကောင်ဖီဆိုင်ကို သွားဖို့ တောင်မအားဘူးလားး? ကော်ဖီဆိုင်ကိုပဲ လာခိုင်းလိုက်တော့ဗျာ.. ဟုတ်ပီးလား.. ဟဲဟဲ..
ဒီလို လုပ်နိုင်ဖို့ Espressi ဆိုတဲ့ ဒပ်ခ်ျ company တစ်ခုက ဒီ Mobile Espresso Machine ကိုတီထွင်လိုက်တာပါ။ ကော်ဖီလိုချင်တဲ့ လူဘယ်မှာရှိရှိ အဆင်ပြေတယ်ဆိုပဲ.. (သူတို့ဆီမှာ လမ်းပန်းဆက်သွယ်ရေး လွန်အဆင်ပြေတော့လဲ .. ပြောပေါ့)

ဒီမှာဆက်ဖတ်ပါ

Wednesday, 12 September 2007

idea ကောင်းတဲ့ ကြော်ငြာများ

ကြော်ငြာဆိုတာ မိမိကုန်ပစ္စည်းကို လူစိတ်ဝင်စားအောင်၊ မှတ်မိအောင် ထိထိရောက်ရောက်ဖြစ်အောင် ပြုလုပ်တာလို့ မြင်ပါတယ်။ ဒီကြော်ငြာတွေကတော့ အဲဒါတွေထက်ပိုမယ်ထင်ပါတယ်။ တခါကြည့်ရုံနဲ့ မှတ်မိသွားစေမယ့် ကြော်ငြာတွေပါ။ ကျနော်အကြိုက်ဆုံးကတော့ မုတ်ဆိပ်ရိတ်ထားကြော်ငြာပါ။ တော်တော် လုပ်ယူထားရမယ်နော်..













Blog ပြန်ရေးခြင်း

သူငယ်ချင်းတို့ရေ .. ဘလော့ခ် မရေးတာအတော်ကြာသွားပြီး ဘလော့ စမနာကြီးအပြီးမှာတော့ ဘလော့ရေးချင်စိတ်တွေ ပြန်ဝင်လာပါတယ်။ သူများတွေလိုတော့ အရေးအသားကောင်းကောင်းတွေ မရေးတတ်ပေမယ့် ကျနော်စိတ်ဝင်စားတဲ့ ထူးထူးဆန်းဆန်း အံ့သြ စရာလေးတွေကို ရှာဖွေပြီး တင်ပြပေးမယ် စိတ်ကူးပါတယ်။

အားပေးကြဦးနော် ...

Friday, 17 August 2007

Damat Satt Kyar (part 1)




တရားလေးများ နာကြပါဦးလား..

Monday, 16 July 2007

အရှည်ဆုံးနဲ့ အတိုဆုံး တွေ့ကြပြီ



အရပ် ၇ ပေ ၉ လက်မ ရှိတဲ့ ကမ္ဘာ့အရပ်အရှည်ဆုံးလူသား မွန်ဂိုလီးယားလူမျိုး Mr Xishun၊ ၅၆ နှစ်နဲ့ အရပ် ၂ ပေ ၄ လက်မသာ ရှိတဲ့ ကမ္ဘာ့အရပ်အပုဆုံးလူသား Pingping ၁၉ နှစ် တို့ လက်ဆွဲနှုပ်ဆက်နေပုံပါ။

ဟိုတလောကပဲ မင်္ဂလာဆောင်သွားတဲ့ ကိုရှည်ကြီးရဲ့ မိန်းမက သူ့တ၀က်လောက်ပဲရှိသတဲ့၊ အသက်ရော၊ အရပ်ရောပါ။ သူက ၁၆ နှစ်လောက်ထိ ပုံမှန်အရပ်ရှိခဲ့ပြီး ၇ နှစ်အတွင်းမှာ ခုအရပ်လောက်ရှည်လာခဲ့တာပါတဲ့။ Guinness Book of Records မှာ မနှစ်က ကမ္ဘာ့အရပ်အရှည်ဆုံး လူသားအဖြစ် စံချိန်ဝင်သွားခဲ့တာဖြစ်ပါတယ်။

ကိုပင်းပင်းကလဲ မွန်ဂိုလီးယားကပါပဲတဲ့။ (ဟင်.. မွန်ဂိုတွေက တညိုးပါလား) မွေးခါစကဆိုရင် သူဟာ လူကြီးလက်ဖ၀ါးလောက်သာရှိသတဲ့။ သူကလဲ ကမ္ဘာ့အရပ်အပုဆုံး အဖြစ် Guinness Book of Records မှာ ပါနိုင်အောင်ကြိုးစားနေတာပါ။ ဒါပေမယ့် လက်ရှိစံချိန်ပိုင်ရှင် Lin Yih-Chih က 67.5cm ပဲရှိပြီး၊ သူက 73cm ရှိတာဆိုတော့ မပြေနိုင်လောက်ဖူး ထင်တယ်နော်။

ပျိုပျိုမေတို့အတွက် ပန်းဖိနပ်


ပန်းပွင့်တွေ သစ်ရွက်တွေနဲ့ ဖိနပ်ပုံဖြစ်အောင်လုပ်ရိုက်ထားတဲ့ ဓါတ်ပုံတွေပါ။ တကယ်ထင်ပီး ၀မ်းသာမနေနဲ့ဦး။ ဟဲဟဲ.

Michel Tcherevkoff ဆိုတဲ့ ဓါတ်ပုံဆရာတစ်ယောက်က တော်တော်ပျင်းလို့ထင်ပါတယ်။ ပန်းလေးတွေနဲ့ မိန်းခလေးတွေ အကြိုက် ဖိနပ်လှလှလေးတွေဖြစ်အောင်ဆင်ပြီး ရိုက်ထားတာတွေပါ။

ဒီမှာ ဆက်ဖတ်

Lifted ကာတွန်းတိုလေး

Pixer Animation Studio ကလုပ်တဲ့ ကာတွန်းတိုးလေးပါ. ကမ္ဘာကလူကို UFO နဲ့တင်ဖို့ကြိုးစားတဲ့ ဂျိုသားလေးအကြောင်းပါ.. ဟီးဟီး.. ကြည့်ကြည့်

Lifted - video powered by Metacafe

London က လိတ်ထားလို့ရတဲ့ တံတား


Heatherwick Studio က design လုပ်ထားတဲ့ ဒီ Rolling Bridge ခေါ် လိတ်ထားလို့ရတဲ့ တံတားဟာ London က Paddington Basin မှာရှိပါတယ်တဲ့

Steel ဘောင်၊ သစ်သားကြမ်းခင်းတွေနဲ့လုပ်ထားတဲ့ အဲဒိတံတားဟာ အောက်က သင်္ဘောတွေဖြတ်သွားဖို့ လိတ်တင် လိုက်လို့ရါတယ်။ Joint တွေမှာ ပါတဲ့ hydraulic လက်တံတွေနဲ့ တံတားကို လိတ်တင်လိုက်တာပါ။ နောက်ဆုံး ပုံကအတိုင်း စက်ဝိုင်းပုံဖြစ်တဲ့အထိ လိတ်လိုက်လို့ရတာတွေ့ရမှာပါ။ ကြံကြံဖန်ဖန်ဗျာ ဘယ့်နှယ် စိတ်ကူးရပါလိမ့်..

ထူးထူးဆန်းဆန်း design လေးတွေကို သူငယ်ချင်းတို့ကို မျှဝေလိုက်တာပါ။ ကျေနပ်ကြမယ်ထင်ပါတယ်။

သေခြာဖတ်ချင်ရင်

Wednesday, 20 June 2007

၂၆ ထပ်ခေါင်မိုးပေါ်က လေယာဉ်ကွင်း


၁၉၆၉ ခုနှစ်မှာ Rudolph de Harak ဆိုသူက ဒုတိယ ကမ္ဘာစစ်အတွင်းက Sophwith Camel လေယာဉ် ပုံစံအတိုင်း Real Size Sculptor လုပ်ပြီး ၇၇၊ ရေလမ်း (Water Street ကို တိုက်ရိုက်ဘာသာပြန်ကြည့်တာ :P )၊ နယူးယော့ခ်မှာ ရှိတဲ့ ၂၆ ထပ်အဆောက်အအုံပေါ်မှာ လေယာဉ်နဲ့ လေယာဉ်ကွင်းနဲ့ အကျအနပြုလုပ်ထားခဲ့ပါတယ်။ ပါတ်ဝန်းကျင်က တိုးတက်လာတဲ့ တိုက်တွေကို လှောင်ပြောဖို့ရည်ရွယ်ချက်နဲ့ တည်ဆောင်ခဲ့တာပါတဲ့..သူလှောင်ချင်တဲ့ အထဲမှာ WTC လဲပါခဲ့ပါတယ်။

Tuesday, 19 June 2007

ကမ္ဘာ့ဈေးအကြီးဆုံးမြို့တော်များ

ကမ္ဘာ့ဈေးအကြီးဆုံးမြို့တော် - မော်စကို


လော့လာချက်တွေအရ မော်စကို မြို့တော်ဟာ ဒုတိယအကြိမ်အဖြစ် ကမ္ဘာ့ဈေးအကြီးဆုံးမြို့တော် ဖြစ်လာခဲ့ပြန်ပါပြီ။ ရုရှားငွေဈေးနှုန်း မြင့်မားလာမှုနဲ့အတူ၊ အိမ်ခြံမြေဈေးနှုန်းမြင့်မားလာမှုကို ကျေးဇူးတင်ရမှာပေါ့လေ။

ရုရှားနိုင်ငံ၊ မြို့တော် ရဲ့ လူနေမှုစရိတ်ဟာ New York မြို့တော်ထက် ၃၅% နီးနီးမြင့်မားပါတယ်။ မော်စကို ကို လေ့လာချက်စတင်ရာ base အဖြစ်စတင် လေ့လာခဲ့ကြတာဖြစ်ပါတယ်။

လန်ဒန်က New York ထက် ၂၆% မြင့်မားပြီး ဒုတိယနေရာ ၊ ကိုရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ် (Seoul) က တတိယ ဖြစ်ပြီး၊ နောက်က Tokyo က နံပါတ် ၄ နေရာနဲ့ ကပ်လိုက်နေပါတယ်။

Mercer Human Resource Consulting ကပြုလုပ်တဲ့ ဒီ survey မှာ ကမ္ဘာတ၀န်းရှိ မြို့တော်ပေါင်း ၁၄၃ မြို့ကို အိမ်ခြံမြေဈေးနှုန်း၊ သယ်ယူပို့ဆောင်ရေး နဲ့ အစားအသောက်စရိတ်စသည့် အချက်ပေါင်း ၂၀၀ လောက်ပေါ်မှာ မူတည်ပီး လေ့လာကာ အဆင့် သတ်မှတ်ပေးခဲ့ပါတယ်။

ကျနော်တို့အာရှက မြို့တော် ၈ ခုဟာ ၁ ကနေ ၅၀ တွင်းမှာပါခဲ့ပါတယ်။ ဒါပေမယ့် ထိုင်ဝမ်ရဲ့ ထိုင်ပေ ကတော့ အဆင့် ၂၀ လောက်ကျသွားပြီး နံပါတ် ၄၈ ဖြစ်သွားပါတယ်။

ကြည့်ရတာတေ့ နောက်ပိုင်း အမေရိကထက် ဥရောပနဲ့ အာရှမြို့တော်တွေဟာ နောက်ပိုင်းမှာ အဆင့်တွေပိုမြင့်လာဖို့ရှိပါတယ်။ Big apple ဖြစ်တဲ့ New York ဟာ အဆင့် ၅ ခုကျသွားပြီး ၁၅ ဖြစ်သွားတယ်လေ။ မြောက် အမေရိကက နယူးယော့ခ် နဲ့
Los Angeles နှစ်မြို့ပဲ ထိပ်ဆုံး ၅၀ မှာပါတာပါ။ US ဒေါ်လာဈေးနှုန်းကျလာတာလဲ ပါမှာပေါ့လေ။

အဆင့်တွေထဲမှာ ကုန်ကျစရိတ်အနဲဆုံးမြို့တော်အဖြစ် ပါရာဂွေးနိုင်ငံ
Asuncion က ၅ နှစ်ဆက်တိုက် ဦးဆောင်နေပါတယ်။ နယူးယော့်ထက်ကို တ၀က်လောက် လျှော့နည်းတယ်လို့ဆိုပါတယ်။

Avator တွေနောက်ကွယ်က ကျနော်တို့

New York Times မဂ္ဂဇင်းမှ Robbie Cooper ဟာ virtual environment တွေဖြစ်တဲ့ second life နဲ့ Everquest စတဲ့ online ဂိမ်းတွေကစားတဲ့လူတွေနဲ့ သူတို့ရဲ့ avator တစ်ချို့ကို ဖွင့်ချလိုက်ပါတယ်။ (online games တွေဟာ သူတို့ဆီမှာတော့ ဒီမှာ Lan ဂိမ်းဆော့သလိုကိုဖြစ်နေပါဘီ၊ ကျနော်တို့ဆီမှာသာ ရိုးရိုး web site လေးတွေတောင် မနဲကြည့်နေရတာလေ)

ဆက်လက်ကြည့်ရှုရန်

Friday, 15 June 2007

ရုရှားက ပန်းချီဆွဲထားတဲ့အိမ်တွေ




မော်စကိုမြို့ အရှေ့တောင်ဘက်မှာရှိတဲ့ Ramenskoye [wiki] ဆိုတဲ့ မြို့လေး မှာ ပုံကလို သေသေသပ်သပ်ဆွဲထားတဲ့ လူနေအိမ်ယာတွေရှိပါသတဲ့ .. သွားကြည့်ချင်ကြလားဗျို့

ဂျပန်စတိုင် နေရာသက်သာစေတဲ့ အိမ်


ဒီအိမ်လေးကို Short Gun House လို့ခေါ်တယ်တဲ့ ဘာလို့ဆို Short Gun သေနတ်နဲ့ အိမ်ရှေ့က ပစ်လိုက်ရင် ကျည်ဆံတွေက အိမ်နောက်ကနေ ရှင်းရှင်းလင်းလင်းထွက်သွားနိုင်လောက်တဲ့ ပုံစံရှိလို့ပါတဲ့။ (short gun သေနတ်က ပစ်လိုက်ရင် ကျည်တွေဟာ V ပုံ ဖြာထွက်သွားကြလို့လေ။ short gun ကျည်ဟာ တစ်တောင့်ထဲမှာ အလုံးလေးတွေအများကြီးပါပါတယ်။)


ကားလမ်းနီနီ ..



ကားလမ်းတစ်ခုလုံး အနီရောင်ဖြစ်နေတာ တွေ့ဖူးလား? အမေရိကန်နိုင်ငံ၊ မက်စကျူးစက်ပြည်နယ်က Lowell ဆိုတဲ့ အရပ်နားက အဝေးပြေးကားလမ်းဟာ ၃ မိုင်လောက်နီးနီး အနီရောင်ဖြစ်နေပါတယ်။

ဆေးတွေသယ်လာတဲ့ ထရပ်ကားကနေ ယိုစမ့်မှုဖြစ်ပြီးနောက်မှာ လမ်းသွားလမ်းလာကားတွေရဲ့ ဘီးတွေနဲ့ သယ်ဆောင်မှုကြောင့် ၃ မိုင်လောက်နီးနီး ရှည်တဲ့ အနီရောင် လမ်းကြီးဖြစ်သွားစေတာပါ။ ညအချိန်မှာ လမ်းကို မမြင်ရမှာတော့ သိပ်ပူစရာ မလိုတော့ဘူးပေါ့။ ဒါပေမယ့် အနီရောင် တောက်တောက်လမ်းမကြီးပေါ်မှာ တစ်ယောက်ထဲ ကားမောင်းနေရမယ်ဆိုရင် ..... :P

Puma ရဲ့ Urban Mobility bike အသစ်



ခုတစ်လော စက်ဘီးအရမ်းစီးချင်နေတာ ဒီသတင်းလေးကို သွားတွေ့တော့ ရောဂါပိုထလာတယ် ..
ကဲ မ၀ယ်နိုင်ပေမယ့် စိတ်ကူးတော့ယဉ်လို့ရမှာပါ။

Puma's new 8-speed Urban Mobility Bike is gorgeous. The bike is a collaboration between Japanese street artist Maruwaka and Keigo Kamide, a maker of Kutani pottery. The bike was based on the original Puma Urban Mobility bicycle designed by my friend Jens-Martin Skibsted for Biomega. According to the PUMATALK blog, "the bikes will be displayed at the PUMA store and sold through silent charity auction. Proceeds will be donated to victims in the Hokuriku region of Japan who were affected by the March 25th earthquake."

ကမ္ဘာ့အကြီးဆုံး Tree House


အင်္ဂလန်နိုင်ငံ၊ Northumberland က Alnwick Garden ဟာ သူ့ကိုယ်သူ ကမ္ဘာ့အကြီးဆုံး Tree House ပါတဲ့ (သစ်လုံးအိမ်ခေါ်မလား )။ ကျနော်ကြည့်ရတာတော့ သစ်ပင်ပေါ်ကအိပ်နဲ့ မတူပဲ.. အိမ်ပေါ်ကသစ်ပင်နဲ့တူနေတယ် အဟီး...

၂၀၀၅ ခုနှစ်မှာ အဲဒီ ကမ္ဘာ့အကြီးဆုံး သစ်တွေနဲ့ပဲ တည်ဆောက်ထားတဲ့ Tree House ကို သံပရာခြံတွေထဲမှာ တည်ဆောင်ခဲ့တာပါ။ ၆၀၀၀ စတုရန်းမီတာ ရှိတဲ့ အဲဒိ သစ်လုံးအိမ်မှာ လျှောက်လမ်းတွေ၊ အရောင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေ နဲ့ ကစားစရာနေရာတွေပါဝင်ပါတယ်။ wheelchair accessible (ဘီးတပ်ထိုင်ခုံနဲ့လူပါ အဆင်ပြေအောင်လုပ်ထားပါတယ်တဲ့)။ လူတစ်ထောင်လောက် ဆံ့ပြီး အားလုံး ဆော့ကစားနိုင်ပါတယ်တဲ့။ ငယ်ငယ်တုံးက သစ်ပင်ပေါ်တက်ပီး လင့်စင်ထိုးဆော့ခဲ့တာကို ပြန် အမှတ်ရစေပါတယ်။